ဝန်ထမ်းတွေအတွက် တန်ဖိုးနည်းအိမ်ရာ အခန်း ၇၀ဝ ဆောက်လုပ်မည်

NEWS

ဝန်ထမ်းတွေအတွက် တန်ဖိုးနည်းအိမ်ရာ အခန်း ၇၀ဝ ဆောက်လုပ်မည်

18 / January / 2018

ရန်ကုန်၊ ဇန်နဝါရီ ၁၇ – ဝန်ထမ်းတွေအတွက် အငှားအိမ်ရာနဲ့ အရောင်းအိမ်ရာ အိမ်ခန်းပေါင်း ၇၀ဝ ခန့်ရှိတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ အစိုးရနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းပူးပေါင်းပြီး ဖော်ဆောင်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကသိရပါတယ်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်း ရာခိုင်နှုန်း ၅၀ မှာ ၂၀၁၈ ခုနှစ်အတွင်း ပြီးစီးမှာဖြစ်ပါတယ်။ မျှော်မှန်းထားတာကတော့ ရန်ကုန်တိုင်းမှာဆိုရင်လည်း အခန်း ၄၀ဝ ဝန်းကျင်၊ နေပြည်တော်မှာ ၂၀ဝ ဝန်းကျင်၊ မန္တလေးမှာ အခန်း ၁၀ဝ လောက်၊ နိုင်ငံတော်ကခွင့်ပြုတဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီးတည်ဆောက်မယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမင်း ထိန်က ပြောပါတယ်။

Credit: The Kumudra