Our Htet Aung Shine Real Estate and Travel Service Company was incorporated in 2007,led by U Aung Soe(Managing Director) and has been standing successfully.
The data concerning your land and buildings,apartments,condo,industrial zone and shop-rooms shall freely be advertised on newspapaers,estate journals,online and website in order to sell,purchase,hire as soon as possible.
In giving the data concerning your land and buildings,we have general service for you checking the situation of your ownership in free of charge under the current price and giving advice and that is why you are welcome to order connecting with phone (or) coming yourself in belief.
Our experienced staff are ready to show and explain for the guests who want to hire/purchase,construct building in contract system between contractor and landlord,sign sale deed/lease deed with the assistance of legal experts in free of charge.
Legal experts serve to sign deed for the land and building,condo and flats purchased in your own plan and discuss with you separately for your tight ownership.
We are standing successful by coordinating and serving you till your satisfaction from the beginning until the end with our best service.
၁။ ဥယျာဥ်ခြံမြေဆိုတာ
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဥ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။
မြေစာရင်း ပုံစံမှာ ” G” အမှတ်သားနဲ့ ဖော်ပြပေးထားပါတယ်။ လူနေရပ်ကွက်ထဲ ပါတဲ့ “G” မြေတွေက တော့ လယ်ယာမြေထဲ မပါပါဘူး။ မြေစာရင်းထဲ ဥယျာဥ်မြေ လို့ စာရင်းဝင်ထားပေမယ့် လူနေရပ်ကွက် အတွင်း ရောက်နေတဲ့ မြေကွက်တွေလဲ အများကြီးရှိပါတယ်။
၂။ ဥယျာဥ်ခြံမြေ အားသာချက်။
၂၀၁၂ နောက်ပိုင်း ပြဌာန်းချက် ဥပဒေအရ ဥယျာဥ်မြေကို ရောင်းဝယ်၊ ငှားရမ်း လုပ်ပိုင်ခွင့်တွေ အပြင် မြေက ရတဲ့ အကျိုးမြတ်အားလုံးကိုလည်း ခံစားပိုင်ခွင့် အပြည့်ရှိပါတယ်။ မြို့မြေ တွေထက် စာရင် စျေးနှုန်း အများကြီးသက်သာပါတယ်။ နောက်ပိုင်း မိမိမြေပေါ် အသီးနှံစိုက်ပျိုးပြီး အခြားနည် လျှောက်ခွင့်လဲ လွယ်ကူ လာတာကြောင့် ဥယျာဥ်မြေကို လူကြိုက်များလာပါတယ်။ ဥယျာဥ်မြေဟာ နောက်ပိုင်းပုံစံမျိုးစုံ သုံးစွဲနိုင်ခွင့် ရှိလာတာကြောင့် ရေရှည် ရင်းနှီးမြုပ်နှံဖို့ရာ အခွင့်လမ်းကောင်း တစ်ခုဖြစ်လာပါတယ်။ လူနေရပ်ကွက်ပေါ်က “G” မြေများဟာ
ခိုင်မာမှုရှိပြီး စျေးကောင်းဖြင့် အရောင်းဝယ် ပြုလုပ်နေတာ တွေ့ရမှာပါ။
၃။ ဥယျာဥ်ခြံမြေအားနည်းချက်။
လူနေအိမ်နဲ့ မနီးတဲ့ ဥယျာဥ်ခြံမြေမျိုးဟာ လယ်ယာမြေအမျိုးစားထဲ ပါဝင်နေဆဲဖြစ်ပြီး
စာရွက်စာတမ်းနဲ့ ခိုင်မာမှု့ အထောက်ထား အားနဲ့တာမျိုး တွေ့ရပါတယ်။ လူနေအိမ် အဝေးက ဥယျာဥ်ခြံမြေမျိုးဆို ပုံစံ(၇) မှာဆက်လက် အခြေတည်နေ၍ လူနေအိမ်ဆောက်လုပ်နေထိုင်နိုင်ရန် ဌာနဆိုင်ရာများသို့ အဆင့်ဆင့် ပြန်လျှောက်တင်ရပါတယ်။ အခြားနည်းလျှောက်တဲ့ခါမှာလဲ မွေးမြူ စိုက်ပျိုးအတွက်သာ လွယ်ကူစေတာမျိုး တွေ့ရပါတယ်။
၄။ ဥယျာဥ်ခြံမြေကို ဂရံလျှောက်ခြင်း။
ပထမဆုံး မြေစာရင်းမှာ ပုံစံ ၁၀၅/၁၀၆ ရေးကူးရပါတယ်။ ပြီးရင် လယ်ယာမြေပုံစံ (၇)ကိုလျှောက်ရပါတယ်။ ဒါဆိုရင် မြေပိုင်ဆိုင်မှု နှင့် လုပ်ပိုင်ခွင့် အတွက် ခိုင်မာသွားပါပြီ။ အခြားနည်း အသုံးပြုခွင့် အတွက် မြို့နယ်လယ်စီမှာ ကိုယ်အသုံးပြုမယ့် ရည်ရွယ်ချက် အတွက် ” လ/ယ ၃၀” လျှောက် ရပါမယ်။ အသုံးပြုခွင့်ကျလာရင် (၆)လ အတွင်း စသုံးရပါမယ်။ ပြီးရင် ဂရံ လျှောက်လို့ရပါပြီ။
၅။ ဥယျာဥ်ခြံမြေဝယ်ယူတော့မယ်ဆို
အရင်ဆုံး မြေစာရင်းမှာ လယ်ယာမြေ ဟုတ်/မဟုတ် သေချာစစ်ဆေးဖို့လိုပါတယ်။ ဝယ်ယူမယ့်အချိန်မှာလဲ မြေကွက်/ခွဲစိတ်ထားခြင်း ရှိ/မရှိ သတိထားသင့်ပါတယ်။ အရပ်စာချုပ်နှင့် ဝယ်ယူတာထက် တက်ကျွမ်းနားလည်တဲ့ ရှေ့နေများနဲ့အတူ တရားဝင်စာချုပ်ဖြင့် ဝယ်ယူသင့်ပါတယ်။ မြေစာရင်းမှာ အမည်ပေါက် မှန်/ မမှန် ၊ စာရွက်စာတမ်းအစုံရှိ/မရှိ ကိုလဲ သေချာစစ်ဆေးပါ။ အကုန်မှန်ပြီဆို မြေတိုင်းရပါမယ်၊ မြေပြင်နဲ့ မြေစာရင်း အတိုင်းတာ ကွဲလွဲနေတာမျိုး ရှိနေတက်ပါတယ်။
သင့်ရဲ့ ဘဝနေထိုင်မှုပုံစံထဲမှာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ရည်ရွယ်နေပြီလား။ အိမ်ဝယ်ဖို့ စဉ်းစားနေပြီဆိုရင်တော့ ကိုယ်မှန်းထားတဲ့ အိမ်မျိုးဝယ်ဖို့ စဉ်းစားရတာ ရှုပ်ထွေးပြီး ခေါင်းခဲနေမှာ အမှန်ပါပဲ။
ဒါပေမဲ့ အိမ်ဝယ်တော့မယ်ဆိုရင် သိသင့်တဲ့အချက်တွေကို ကြိုတင်လေ့လာခဲ့မယ်ဆိုရင်တော့ အခုလိုမျိုး ခေါင်းခဲနေမှာ မဟုတ်တော့ပါဘူး။
ဒါတွေကို ဖြေရှင်းပေးဖို့ အိမ်ဝယ်ခြင်းအဆင့်ဆင့် လမ်းညွှန်ခြင်း နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပြည့်စုံတဲ့နေရာမှာ ပြည့်စုံတဲ့အိမ်တစ်လုံး မရှာခင်မှာ အိမ်ဝယ်မယ့်သူတွေအနေနဲ့ ဒီအချက်တွေကို အရင် သိထားသင့်ပါတယ်။
(၁) သင့်ရဲ့ ဘဏ်စုငွေနှင့် ချေးငွေစာရင်းကို အရစ်စစ်ပါ။
ငွေချေးကုမ္ပဏီကို မဆက်သွယ်ခင် သင့်မှာရှိတဲ့ ဘဏ်စုငွေနဲ့ ချေးငွေကို ဦးစွာစစ်ထားပါ။ သင့်သုံးစွဲမှုအတွက် ကျသင့်ငွေတောင်းခံလွှာ (Bill) ပုံမှန်ပေးရဲ့လား၊ လက်ရှိမှာ သင့်ဆီမှာ အကြွေးဘယ်လောက်ရှိလဲ၊ ငွေချေးခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ စသဖြင့်ပေါ့။
အပေါင်စာချုပ်နဲ့ ငွေချေးပေမယ့်သူဟာ သင့်ရဲ့ အကြွေးစာရင်းအဟောင်းတွေကို သိချင်ပါတယ်။ ဒါကြောင့် အကုန်စစ်ထားပါ။ ငွေချေးမယ့်သူတွေဟာ သင့်ရဲ့ ဘဏ်ကဒ်တွေ၊ ပိုင်ဆိုင်မှုနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးမှာမို့ ကြိုတင်ပြင်ဆင်ထားပါ။
(၂) သင်ဘယ်လောက် ပမာဏသုံးမလဲဆိုတာ ကြိုတင်မှန်းထားပါ။
အိမ်ဝယ်ဖို့အတွက် သင်ဘယ်လောက် သုံးဖို့ ဆန္ဒရှိလဲဆိုတာ ကြိုတွက်ပြီးရင် ကိုယ်သုံးမယ့် ပမာဏအတွက် အပေါင်စာချုပ်နဲ့ ချေးငွေယူနိုင်မှာ ဖြစ်ပါတယ်။
အခုချိန်ဟာ အိမ်ရာဈေးကွက်ကို သုတေသနပြုလေ့လာဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေကနေတဆင့် အကြံဉာဏ်ရယူပြီး ဘယ်လိုအိမ်မျိုးကို သက်သာစွာနဲ့ ဝယ်နိုင်ဖို့ ဘယ်လိုချေးငွေယူရမလဲဆိုတာတွေကို လေ့လာထားပါ။
(၃) အိမ်ခြံမြေအကျိုးဆောင်တစ်ယောက် ရှာပါ။
သင့်ရဲ့ အိမ်ဝယ်မယ့်လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကူညီပေးဖို့ အကျိုးဆောင်တစ်ယောက်ရှာပါ။ အရင်ခေတ်တွေတုန်းကတော့ အိမ်ခြံမြေအကျိုးဆောင်တွေကို တကူးတကရှာဖွေပြီး ရွေးချယ်တဲ့ အလေ့အကျင့်မရှိပါဘူး။
ဒါပေမဲ့ အခုချိန်မှာတော့ ကိုယ်နဲ့အဆင်ပြေမယ့် အကျိုးဆောင်ဆီသွားပြီး စကားပြောကြည့်ပါ။ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် အကျိုးဆောင်ကို ရွေးချယ်ငှားပါ။
(၄) ငွေထုတ်ချေးမယ့် ကုမ္ပဏီဆီက စရံငွေ ကြိုတင် ရယူထားပါ။
သင့်ကို ငွေထုတ်ချေးမယ့် ကုမ္ပဏီဆီက စရံငွေ ကြိုတင် ရယူထားခြင်းဟာ စိတ်ချရတဲ့ စီစဉ်မှုတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းပေမယ့် ငွေချေးမယ့်ကုမ္ပဏီဆီက ကြိုတင်ခွင့်ပြုချက်ရထားပြီဆိုရင် သင်ဝယ်မယ့် အိမ်ရဲ့ အိမ်ပိုင်ရှင်က သင့်အပေါ်မှာ ယုံကြည်မှု ပိုရှိမှာဖြစ်ပါတယ်။
(၅) အိမ်စရှာလို့ရပါပြီ
သင့်ရဲ့ အိမ်ရှာရှော့ပင်းအစီအစဉ်ကို စတင်လို့ရပါပြီ။ ဒီအချိန်မှာ သင်ငှားထားတဲ့ အိမ်ခြံမြေအကျိုးဆောင်နဲ့ စကားပြောဖို့ လိုအပ်ပြီး သင်တို့နှစ်ယောက်လုံး ခေါင်းချင်းဆိုင်ဆွေးနွေးရမယ့် အချိန်ပါပဲ။
သင်လိုချင်တဲ့အချက်အလက်တွေနဲ့ အနီးစပ်ဆုံးကိုက်ညီမယ့် အိမ်ရာတွေကို အကျိုးဆောင်က ယူလာခဲ့မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေ၊ Listing တွေကို လိပ်စာတွေအတိုင်း သွားရောက်ကြည့်ရှုရမှာဖြစ်ပါတယ်။
(၆) သင့်တော်တဲ့ ငွေကြေးပေးမယ်လို့ ပြောထားပါ။
အိမ်ဝယ်မယ့်သူအများစုအတွက် ဒီအချက်ဟာ လိုအပ်ပါတယ်။ တကယ်လို့ သင်လိုချင်တဲ့အိမ်ကို ရှာတွေ့ခဲ့ပြီဆိုရင် သင့်တော်တဲ့ ငွေကြေးပေးမယ်လို့ ပြောပါ။
ဒီနေရာမှာ သင့်အကျိုးဆောင်ပေးထားတဲ့ အိမ်ခြံမြေအရောင်းအဝယ် Listing ထဲမှာ ဖော်ပြထားတဲ့ ဈေးနှုန်းကို သတိရပါ။
သင့်ရဲ့ အကျိုးဆောင်က ဈေးကွက်ကို နားားလည်ပြီး သင့်ကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။ သင်ကြိုက်တဲ့အိမ်ကို တကယ်တွေ့ပြီဆိုရင်တော့ ရွေးချယ်နိုင်မှာဖြစ်ပြီး၊ မကြိုက်သေးဘူး ဆိုရင်တော့ အဆင့်(၅)ကို ပြန်လည်လုပ်ဆောင်ပါ။
(၇) နေရာအထားအသိုအတွက် အိမ်ကို စစ်ဆေးခြင်း။
အဆင့် (၆) အတိုင်း သင့်ရဲ့ သင့်တော်တဲ့ ငွေကြေးကို သဘောကျလို့ သင့်ကို ရောင်းမယ့်သူက လက်ခံလိုက်ပြီဆိုရင်တော့ သင့်အနေနဲ့ အိမ်ရဲ့ ဘယ်နေရာမှာ ဘယ်ပစ္စည်းတွေ ထားမလဲဆိုတာကို တိုင်းတာပြီး နေရာချဖို့ အချိန်ယူပြင်ဆင်ပါ။
(၈) စာချုပ်ချုပ်မယ့်နေ့
အထက်ပါလုပ်ဆောင်ချက်တွေ ပြီးသွားပြီဆိုရင်တော့ သင်အိမ်ပိုင်ဆိုင်မယ့် အကြီးမားဆုံးနေ့တစ်နေ့ကို ရောက်လာပါပြီ။ သင့်အနေနဲ့ လက်မှတ်ထိုးဖို့ စာချုပ်ကို သေချာဖတ်ပါ။ ပြင်ဆင်ချင်တဲ့ အချက်မရှိတော့ဘူး၊ အားလုံးသဘောတူလက်ခံတယ်ဆိုမှ လက်မှတ်ထိုးပါ။
သင့်အနေနဲ့ စိတ်ပင်ပန်းနေမယ်ဆိုပေမဲ့ ဒီအဆင့်ကတော့ သင့်ရဲ့အိမ်ကိစ္စ ရှာပုံတော် ပြီးဆုံးဖို့ နီးစပ်လာခဲ့ပါပြီ။
(၉) အာမခံရယူခြင်းနှင့် အသုံးဝန်ဆောင်လုပ်ငန်း စတင်ပါ။
အိမ်ပိုင်ဆိုင်သွားပြီဆိုရင်တော့ အာမခံကုမ္ပဏီဆီမှာ သင့်ရဲ့ အိမ်အတွက် အာမခံထားပါ။ သင်က အိမ်ရှင်အသစ်ဖြစ်ကြောင်း အာမခံကုမ္ပဏီကိုပြောပြီး မူဝါဒအသစ်တွေ ရေးဆွဲခိုင်းပါ။ တကယ်လို့သင့်ဆီမှာ အာမခံကုမ္ပဏီမရှိရင်တော့ အခုချက်ချင်းရှာရတော့မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သင့်ရဲ့ ငွေချေးကုမ္ပဏီရဲ့ စည်းကမ်းချက်ထဲမှာ အာမခံလုပ်ဖို့ ကိစ္စ ပါဝင်လို့ဖြစ်ပါတယ်။
ဒ့ါအပြင် သင်သုံးစွဲမယ့် လျှပ်စစ်၊ မီး၊ ရေ စတဲ့ အသုံးဝန်ဆောင်မှုတွေအတွက် သက်ဆိုင်ရာဌာနတွေဆီ သွားပြီး သင်အိမ်ပေါ် စနေမယ့် နေ့ကို အသိပေးပါ။
(၁၀) အိမ်သော့ယူပြီး ပစ္စည်းတွေစရွှေ့လို့ရပါပြီ
ဒါဆိုရင် သင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ အကြိုက်ဆုံးအိမ်တစ်လုံး ရသွားပါပြီ။ အိမ်ဝယ်ခြင်း ခရီးစဉ်ကနေ အိမ်ပိုင်ခြင်းခရီးစဉ်ကို ဒီနည်းလမ်းတွေနဲ့ ကြိုတင်ပြင်ဆင်ပြီး စတင်လိုက်ပါ။
#Crd:Myanmar Builder Guide.
တရုတ်ပြည်မကြီးတွင် ခရီးသွားလာခွင့် ကန့်သတ်ထားခဲ့သော်လည်း တရုတ်လူမျိုးများသည် ထိုင်းနိုင်ငံတွင် ကွန်ဒိုအပြောင်းအရွှေ့များကို ယမန်နှစ် ၂၀၂၂ တွင် လွှမ်းမိုးထားဆဲဖြစ်သည်။
မြန်မာနိုင်ငံသား ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် အရေအတွက်သည် စီးပွားရေးနှင့် နိုင်ငံရေး အကြောင်းပြချက်များကြောင့် မြန်မာသည် ကွန်ဒို အများဆုံးဝယ်ယူသည့် ထိပ်တန်း (၁၀ ) စာရင်းထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်။
ရန်ကုန်အခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံ CIM Property Consultants Co ၏ မန်နေဂျင်းဒါရိုက်တာနှင့် အိမ်ခြံမြေအတိုင်ပင်ခံ Colliers Thailand ၏ အတိုင်ပင်ခံဝန်ဆောင်မှုများအတွက် လက်ထောက်မန်နေးဂျင်းဒါရိုက်တာ
Karlo Pobre က ပြောကြားသည်မှာ
စီးပွားရေးစိန်ခေါ်မှုများသည် ချမ်းသာကြွယ်ဝသော မြန်မာနိုင်ငံသားအချို့ကို ပိုမိုလုံခြုံစိတ်ချရပြီး တည်ငြိမ်သော စျေးကွက်များတွင် အရံဒုတိယအိုးအိမ်များ ထားရှိရန် တွန်းအားပေးခဲ့သည်။ အထူးသဖြင့်အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အိုးအိမ် ထားရှိဖြစ်ကြသည်။
“မြန်မာနိုင်ငံက မိသားစု အတော်များများက ထိုင်းနိုင်ငံမှာ ဒုတိယအိုးအိမ်တွေကို အဓိက အကြောင်းပြချက် သုံးခုနဲ့ ဝယ်ယူကြတယ်။ပထမတစ်ချက်က ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်များအတွက် ဓနဥစ္စာပိုင်ဆိုင်မှုကို ထားသိုတာ ဖြစ်ပါတယ်။ ဒုတိယအချက် ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများအတွက် ဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ သူတို့ရဲ့ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် နေထိုင်စရာ နေရာတစ်ခုအဖြစ် အသုံးချဖို့ပါပဲ”
အိမ်ခြံမြေသတင်းအချက်အလက်ဌာန Real Estate Information Center (REIC) ၏ အဆိုအရ ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများ မြန်မာနိုင်ငံသားများထံသို့ လွှဲပြောင်းပေးသည့် အရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ထက် ခြောက်ဆကျော် မြင့်တက်လာခဲ့သည်။ ၂၀၂၂ ပထမ ၉ လအတွင်း ကွန်ဒိုအခန်း ၁၈၈ ခန်းကို မြန်မာနိုင်ငံသားများ ဝယ်ယူခဲ့ကြသည်။ ၂၀၂၀ တွင် ၂၆ မျှသာ ရှိခဲ့ပြီး ၂၀၂၁ တွင် အခန်း ၃၀ မျှသာ ရှိခဲ့သည်။
ယင်းကြောင့် မြန်မာနိုင်ငံသားများသည် ၂၀၂၂ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံတွင် သတ္တမမြောက် ကွန်ဒိုဝယ်ယူမှု အများဆုံးနိုင်ငံသား ဖြစ်လာခဲ့သည်။
REIC သည် ဒေတာကို စတင်ပြုစုခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ ထိပ်တန်း(၁၀) စာရင်းထဲသို့ မြန်မာနိုင်ငံသားသည် ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်သည်။
REIC သည် ဒေတာကို စတင်ပြုစုခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ဝယ်ယူခဲ့သည့် ကွန်ဒိုတိုက်ခန်း ၄၈ ခန်း ရှိခဲ့ပြီး ၂၀၁၉ တွင် ၅၄ ခန်းသို့ မြင့်တက်ခဲ့သည်။ ၂၀၂၀ တွင် ၂၆ ခန်းသို့ ကျဆင်းခဲ့သည်။ အကြောင်းမှာ ကိုဗစ်ကြောင့် လေဆိပ်များ ပိတ်ထားသောကြောင့် ဖြစ်နိုင်သည်ဟု Mr Pobre က သုံးသပ်သည်။
၂၀၂၂ ပထမ ၉ လတွင် မြင့်တက်ခဲ့သည်မှာ ၂၀၂၂ ဇွန်လတွင် မြန်မာနိုင်ငံမှ လေဆိပ်များ ပြန်ဖွင့်လိုက်သောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံသားများ ဝယ်ယူကြသည့် ကွန်ဒိုတိုက်ခန်းများ၏ ပျမ်းမျှဈေးနှုန်းမှာ ဘတ်ငွေ ၇ ဒသမ ၁ သန်း ဖြစ်ပြီး နိုင်ငံခြားသားများ ဝယ်ယူကြသည့် ကွန်ဒို တိုက်ခန်းများအနက် ဈေးအမြင့်ဆုံးတွင် ပါဝင်သည်။
ဒုတိယနေရာတွင် ထိုင်ဝမ်နှင့် ပြင်သစ်တို့ ရှိနေပြီး ပျမ်းမျှဈေးနှုန်းမှာ ဘတ်ငွေ ၆.၃ သန်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းအတွက် မြန်မာနိုင်ငံသား ပေးဆောင်ရသည့် ပျမ်းမျှဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ သို့မဟုတ် ဘတ် ၈.၅ သန်းဖြစ်ပြီး ပျမ်းမျှ အကျယ်အဝန်းမှာ စတုရန်းမီတာ ၇၀ မှ ၁၀၀ အတွင်း ရှိကြောင်း၊ ၎င်းတို့သည် ပုံမှန်အားဖြင့် မျိုးဆက်နှစ်ခု သို့မဟုတ် သုံးခုရှိသော မိသားစုကြီးတစ်ခုအဖြစ် နေထိုင်ကြသဖြင့် အိပ်ခန်းနှစ်ခန်း ပါသည့် ကွန်ဒိုတိုက်ခန်းများ ဖြစ်ကြောင်း Pobre က ပြောကြားသည်။
“ထိုင်းမှ တူညီတဲ့ စျေးနှုန်းခွင်ထဲမှာဖြစ်တဲ့ ကွန်ဒိုတွေက အရည်အသွေး ကောင်းမွန်ပြီး ရင်းနှီးမြုပ်နှံမှုပြုဖို့ ပိုစိတ်ချရတယ်” ဟု Mr Pobre က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ အရံဒုတိယအိုအိမ်အဖြစ် ကွန်ဒိုတိုက်ခန်း ဝယ်ယူကြရာတွင် ဘန်ကောက်မြို့တွင် အဝယ်များကြသည်။
ဘန်ကောက်မြို့တွင် ရထားလိုင်းများနှင့် နီးသော Sukhumvit ကို နှစ်သက်ကြသည်။ အချို့က ကျန်းမာရေး ဝန်ဆောင်မှုများနှင့် နီးသည့်နေရာကို ရွေးချယ်ကြသည်။ အချို့က ပညာသင်ယူရန် တက္ကသိုလ်ကောလိပ်များနှင့် အနီးအနား နေရာမျိုးကို ရွေးချယ်ကြသည်။
REIC ၏ အဆိုအရ ၂၀၂၂ ခုနှစ် ပထမ ကိုးလအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒို အများဆုံး ဝယ်ယူခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံသားများသည်ကွန်ဒိုဝယ်ယူသည့် နိုင်ငံခြားသားများအကြားတွင် ယခင်က ၆၀% ခန့် ဖြစ်ခဲ့ပြီး ၂၀၂၂ ပထမ ၉ လတွင် ၄၈.၉% သို့ ကျဆင်းသွားခဲ့ပါသည်။
Source Bangkokpost
#Crd:Myanmar Builder Guide.